ဝက်သားလုံး ချိုချဉ်ကြော်
ဝက်သားလုံး ချိုချဉ်ကြော်အတွက်ပြင်ဆင်ထားရမှာက
ဝက်သားကြိတ်သား ၁ထုတ်
ပန်းဂေါ်ဖီ ၁/၄ ပုံ
ခရမ်းချဉ်သီး ၁လုံး
မုန်လာဥနီ ၁လုံး
Broccoli ၁/၄ပုံ (or) ဗိုလ်စားပဲသီး ၁၀ တောင့်
ကြက်သွန်ဖြူ ၄ မွှာ
ဂျင်း လက် ၃ ဆစ်
ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် အကြည် ဟင်းခတ်ဇွန်း ၁ ဇွန်း
တရုတ်မဆလာ လက်ဘက်ရည်ဇွန်း ၂ ဇွန်း
သကြား လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းခွဲ
အချိုမှုန့် အနည်းငယ်
တရုတ်နံနံ ၅ပင်
Sweet and Sour Sauce ၁ထုတ်
ပြောင်းဖူးမှုန့် ဟင်းခတ်ဇွန်း ၁ ဇွန်း တို့ပါဝင်ပါတယ်။
ဇလုံ၁ခုမှာ ၀က်သားကြိတ်သား၊ (ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက် ၂ဆစ် ထောင်းထား ပြီးသား)၊ ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အကြည် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ တရုတ်မဆလာ လက်ဘက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဘက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ အချိုမှုန့် အနည်း ငယ်၊ ပြောင်း ဖူးမှုန့် ဟင်းခတ်ဇွန်း ၁ ဇွန်း ကို လက်ဖြင့် သမအောင်နှယ်ပြီး နာရီဝက် နှပ်ထား ပါတယ်။ နှပ်ထားပြီးလျင် ၀က် သား ကြိတ်သား ကို လုံးပါ။
ဝက်သားလုံးနှပ်ထားချိန်မှာ မုန်လာဥနီ ၁လုံးကို အခွံခွာပြီး ပါးပါးလှီးပါ။ ခရမ်းချဉ်သီး ၁လုံးကို ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ်ကို ထောင်းထားပါ။ ပန်းဂေါ်ဖီကို လှီးထားပါ။ Broccoli ကိုလည်း လှီး ထားပါ။ (or) ဗိုလ်စားပဲသီး ၁၀ တောင့်ကို ၁တောင့်ချင်းဆီကို စောင်းစောင်းလှီးထားပါ။
ဒယ်အိုးထဲမှာ ဆီ ထည့်ပါ။ ဆီကျက်လျင် လုံးထားသော ၀က်သားများကို မီးအေးအေးဖြင့်ကြော်ပါ။ နီလာလျင် ဆယ်ပြီး ပန်းကန်ထဲထည့်ထားပါ။
နောက်ထပ် ဒယ်အိုး ၁လုံးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ် ထောင်းထားပြီးသားကို ဆီသတ်ပါ။ brocoli ထည့်ပါ။ ပန်းဂေါ်ဖီထည့်ပါ။ မုန်လာဥနီထည့်ပါ။ ကြော်ထားပြီးသော ၀က်သားထည့်ပါ။ Sweet and Sour Sauce ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ချခါနီး အချိန်မှ တရုတ်နံနံ အုပ်ပါ။
ရခိုင်မုန့်တီသုတ် နှင့် ရခိုင်မုန့်တီအရည် (ရခိုင် style ရှုးရှဲ)
ရခိုင်မုန့်တီ အရည် နှင့် ရခိုင်မုန့်တီ အသုတ်
Seabass ငါးအသေး၁ကောင်ဝယ်ပြီးသန့်စင်အောင်၁ခါထဲဆေးခိုင်းလိုက်ပါတယ်။ Seabass ငါးကို ဓားနဲ့စောင်းစောင်းမွှန်းပါတယ်။ ဆား၊ အချို့မှုန့်နှယ်ပြီး စပါးလင်၁ချောင်းကို ၃ပိုင်းပိုင်းပါတယ်။ ဂျင်းလက် ၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာကိုထောင်းထားပါတယ်။ အိုးထဲမှာ ရေ၁၀က်ထည့်ပြီး ဆူအောင်တည် ပါ တယ်။ ရေဆူလာရင် ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ၃မွှာ ထောင်းထားတာထည့် ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ အနံပျောက်မှ Seabass ငါးထည့်ပါတယ်။ မိနစ် ၂၀လောက် ပြုတ်ပါတယ်။ ငါးအသားနွှင်ပါတယ်။ Seabass ငါးကို ၃/၄ ပုံ၊ ၁/၄ ပုံဖယ်ထားပါတယ်။
ရခိုင်မုန့်တီအရည်တည်နည်း
ရခိုင်မုန့်တီအရည် အတွက်ပြင်ထားပုံ
ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာထပ်ထောင်းပါတယ်။ဒယ်အိုးထဲတွင် ရေ၁၀က် ထည့်ပြီး ဆူအောင် တည်ပါတယ်။ ရေဆူလာရင် ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာ ထောင်းထားတာထည့်ပါတယ်။ ငါးပိစိမ်းစား အနည်းငယ်ထည့်ပါတယ်။ အနံပျောက်ရင် Seabass ငါးကို ၃/၄ ပုံထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါ တယ်။ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါတယ်။
ရခိုင်မုန့်တီသုတ် ရှူးရှဲပြင်နည်း
ရခိုင်မုန့်တီသုတ် ရှုးရှဲ အနီးကပ်
မုန့်ဟင်းခါးခြောက်ကိုရေစိမ်ထားပါတယ်။ ဒယ်အိုးထဲမှာ ရေထည့်ပြီး ရေပွက်ပွက်ဆူလာရင် ရေစိမ်ထားသော မုန့်ဟင်းခါးခြောက်ထည့်ပါတယ်။ ၈မိနစ်ဆိုရင်ဆယ် ပြီး ရေစစ်ထားပါ။
ငရုတ်သီးစိမ်းတောင့် ၃၀တောင့်လောက်ကို ဒယ်အိုး၁လုံးထဲထည့်ပြီး လှော်ပါ။
ကြက်သွန်ဖြူ ၁မွှာကို မီးဖုတ်ပါ။
လှော်ထားသော ငရုတ်သီးစိမ်းတောင့်၊ မီးဖုတ်ထားသော ကြက်သွန်ဖြူ ၁မွှာကို ထောင်းပါ။
မန်ကျည်းမှည့် အနည်းငယ်ကို ရေနွေးဖျော်ထားပါ။
ကြက်သွန်ဖြူ ၅မွှာကို ပါးပါးလှီးပြီး ကြက်သွန်ဖြူဆီချက် ချက်ထားပါ။
- နံနံပင်
- ဆား
- အချိုမှုန့်
- ပဲမှုန့်
Abalone နှင့် အစိမ်းကြော်
ကဲ ဟင်းချက်ဖို့ စတော့မယ်။ ပြင်ဆင်ထားရမှာက
- Abalone ၄ခု
- ကြက်သွန်နီ ၁လုံး
- ဂျင်း လက်၁ဆစ်
- ကြက်သွန်ဖြူ ၂မွှာ
- ကော်မှုန့် ဟင်းခတ်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ပွအကြီး၁ခု ရဲ့ ၁၀က်
- ဗိုလ်စားပဲသီး ၁၅ခု
- ရွှေပဲသီး ၁၅ခု
- မုန်လာဥနီ ၁လုံးရဲ့ ၁၀က်
- Broccoli ၁ခုရဲ့ ၁၀က်
- ဆီ ဟင်းခတ်ဇွန်း ၃ဇွန်း
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်
ကြက်သွန်နီ
၁လုံးကို ခွာပြီး ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာကို ဓားပြားရိုက်ပါ။
ဂျင်းလက်၁ဆစ်နွှာ ထားပါ။ ဆီထည့်ပြီး ကြက်သွန်နီ လေးစိတ်စိတ်ထားတာရယ်၊
ကြက်သွန်ဖြူ ၂မွှာ ဓားပြားရိုက်ထားတာ၊ ဂျင်းလက်၁ဆစ်ထည့်ပြီး ဆီသတ်ပါတယ်။
အနံမွှေးလာရင် Abalone ထည့်ပြီး ရေနွေးအနည်းငယ် ထည့်ပြီး နှုးအောင်
အရင်လုပ်ပါတယ်။ ဆီပြန်ခါနီးအချိန်ရောက်ရင် မုန်လာဥနီ ထည့်ပါတယ်။ Broccoli
ထည့်ပါတယ်။ ရွှေပဲသီး၊ ဗိုလ်စားပဲသီးထည့်ပါတယ်။
ငရုတ်ပွကိုနောက်ဆုံးမှထည့်ပါတယ်။ ၁ခုချင်းဆီကို ဖြည်းဖြည်းချင်းထည့်ပါတယ်။
နူး လာအောင် စောင့်နေတုန်းမှာ ကော်ရည်ဖျော်ပါမယ်။ ပန်းကန်၁ခုထဲ မှာ
ကော်မှုန့် ဟင်းခတ်ဇွန်း၁ဇွန်း၊ ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်၊
ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း၊ ဆား၊ အချိုမှုန့်ထည့်ပြီး
ကော်ရည်ဖျော်ပါတယ်။ ကော်ရည်ဖျော် ပြီးတာနဲ့ လောင်းထည့်ပြီး ဇွန်းနဲ့
မွေပြီးရင် ရေနွေး အနည်းငယ်လောင်းထည့်ပြီး ရေနည်းနည်းချန်ပြီးရင်
ချလို့ရပါပြီ။
ဖက်ထုတ်
လုပ်နည်းပြောပြမယ်နော်။ wanton အဖတ်ဝယ်လာပါတယ်။ ကြက်သားကြိတ်ထားပြီးသားပါဝယ် ပါတယ်။ အရင်ဆုံး ကြက်သားကြိတ်ထားပြီးသားထဲက ၁၀က်သုံးပါတယ်။ ဇလုံ ၁ခုထဲမှာ ကြက်သားကြိတ်သား ၁၀က်၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အနောက်၊အကြည်၊ ကော်မှုန့် အနည်းငယ် ကြိုက်တတ်ရင် ကြက်သွန်မြိတ် ပါးပါးလှီးထည့်ပါ)၊ ကြက်ဥကိုဖောက်ပြီးထည့်ပါတယ်။ ကျွန်မကဒီမှာ ကြက်သွန်မြိတ် ထည့်မထားပါဘူး။ ၁၅မိနစ် လောက်နှပ်ထားပါတယ်။ စပြီးဖက်ထုတ်လုပ်တော့မယ်ဆိုရင် လက်၂ဖက်လုံး ခြောက်သွေ့နေရပါ မယ်။ ရေမစိုစေရပါဘူး။ ရေစိုရင် ဖက်ထုတ်လုပ်ရာမှာ ဖက်ထုတ်အရွက်ကို ထုတ်မရဖြစ်တတ်ပါတယ်။ ဖက်ထုတ် ၁ရွက်ယူ၊ နှပ်ထားသောကြက်သားအနည်းငယ်ယူပြီး အလယ်ခေါင်ကိုပုံလိုက်ပါ။
အိမ်လုပ် Pizza
ကျွန်မလုပ်ပုံလုပ်နည်းပြောပြမယ်နော် ...
အားလုံးပဲကျန်းမာရွှင်လန်းပါစေရှင် .....
ပဲပုတ်ချက်
City
Hall ကနေ ပဲပုတ်တွေ့လို့ ပဲပုတ်ချက်စားရအောင် ၀ယ်လာပါတယ်။ ကြက်သွန်ဖြူ၊
ကြက်သွန်နီ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ညက်နေအောင်ထောင်းပြီးဆီသတ်ပါတယ်။
အရောင်လှချင်တယ်ဆိုရင်တော့ အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။
နွမ်းလာပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးပါးပါးလှီးပြီး ထည့်ပါ။ ခရမ်းချည်
သီးကြေပြီ ဆိုလျင် ပဲပုတ်ထည့်၊ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။
ငရုတ်သီးစိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီး ထည့်ပါတယ်။ ဆား၊ အချိုမှုန့်
ထည့်ပါတယ်။ ဆီပြန်လာရင် ရပါပြီ။
အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....
ကိုယ်တိုင်ချက် မုန့်ဟင်းခါး

ကုလားပဲလက်၁ဆုပ်စာကို ၁ညရေစိမ်ထားပါတယ်။ မနက်ရောက်လျင်ကုလားပဲကိုပြုတ်ပါတယ်။ ပြီးရင်Blender နဲ့ကြိတ်ထားပါတယ်။
မွှေးတံဆိပ် ဆန်စိမ်းမှုန့် ဟင်းခတ်ဇွန်း ၄ဇွန်းကို ရေအေးနှင့်ဖျော်ထားပါတယ်။
မြေပဲကို ငရုတ်ဆုံနဲ့ မညက်တညက်လေးထောင်းထားပါတယ်။
ကြက်ဥ ၅လုံးပြုတ်၊ အခွံခွာပြီး ပါးပါးလှီးထားပါတယ်။
အရင်ဦးဆုံး
City Hall က နေ၀ယ်လာတဲ့ ငါးကျည်း ၁ထုတ်ကို ၁၀က်တိတိ သုံးပါတယ်။
ငါးကျည်းကို ငံပြာရည်၊ အချိုမှုန့်နယ်ပြီး စပါး လင် ၁ချောင်းကို
၃ပိုင်းပိုင်း၊ ဂျင်းလက်၁ဆစ်ပါထည့်ပြီး ပြုတ်ပါတယ်။ ငါးငြီနံပျောက်အောင်
ပါ။ ၁၅ မိနစ်ဆိုရင် ငါးကျည်းနူးလောက်ပါပြီ။ ငါးကျည်းကို ဆယ်ပြီး
အအေးခံထားပါတယ်။ အေးသွားပြီဆိုလျင် ငါးကျည်းကို အသားချည်းပဲနွံပါတယ်။
ငါးကျည်းအရိုးကို သတ်သတ်ဖယ်ထားပါတယ်။
ငါးကျည်းအရိုးကို
ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင်ပြန်ထောင်းပါတယ်။ အရည်ထွက်လာအောင်ပါ။
ငါးကျည်း အရည်ကိုသပ်သပ်ပန်းကန်ထဲမှာ ထည့်ထားပါတယ်။
ဂျင်းလက်၂ဆစ်၊
ကြက်သွန်ဖြူ ၅တောင့်၊ စပါးလင် ၁ချောင်းကိုရောပြီး Blender
နဲ့ကြိတ်လိုက်ပါတယ်။ ပြီးရင် ငရုတ်ဆုံထဲထည့်ပြီးညက်အောင် ထပ်ထောင်းပါတယ်။
မုန့်ဟင်းခါးချက်မယ့်အိုးမှာ
ဆီအနည်းငယ်ထည့်ပြီး ဆနွင်းမှုန့်ထည့်ပါ။ ပြီးမှဂျင်း၊ ကြက်သွန်ဖြူ၊
စပါးလင်ထောင်း ထားတာကိုဆီသတ်ပါတယ်။ မွေးလာပြီး အ၀ါရောင်သန်းလာပြီဆိုလျင်
အရောင်တင်မှုန့်အနည်းငယ် ထည့်ပါ တယ်။ ငါးကျည်းနွှင်ထားပြီးသား
အသားကိုထည့်ပါတယ်။ အိုးမကပ်အောင် အဆက်မပြတ် မွှေပေးနေပါ။ ဆီပြန်လာခါနီး
အချိန်မှ ငါးကျည်းပြုတ်ထားသောအရည်ကို ထည့်ပါတယ်။ ပြီးရင်
ငါးကျည်းထောင်းထားသော အရည်ထည့်ပါတယ်။ ပွက်ပွက်ဆူအောင်စောင့်ပြီး
ဆန်စိမ်းမှုန့်အရည်ဖျော်ထားတာရယ်၊ ကုလားပဲထောင်း ထားပြီးသားကို ထည့်ပါတယ်။
မြေပဲထောင်းထားပြီးသားပါ ထည့်ပါတယ်။ ကြက်သွန်နီ အလုံးသေးသေးလေးတွေ
ထည့်ပါတယ်။ ကြက်ဥ ပါးပါးလှီးထားတာပါ ထည့်ပါတယ်။
မုန့်ဟင်းခါးဟင်းရည်ကျအောင်တည်ပါတယ်။
မုန့်ဟင်းခါးဟင်းရည်ပျစ်ပျစ်ကြိုက်သူများက Seabass ငါးနှင့်ချက်လျင်ကောင်းပါတယ်။ ကျွန်မကတော့ ငါးကျည်း နှင့်ချက်တာကိုပိုကြိုက်ပါတယ်။
မုန့်ဟင်းခါးဟင်းရည်ပျစ်ပျစ်ကြိုက်သူများက Seabass ငါးနှင့်ချက်လျင်ကောင်းပါတယ်။ ကျွန်မကတော့ ငါးကျည်း နှင့်ချက်တာကိုပိုကြိုက်ပါတယ်။
ငှက်ပျောအူရှိရင်ငှက်ပျောအူပါးပါးလှီး၊ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီးရေစိမ်ပါ။ပြီးရင်အိုး၁လုံးမှာထည့်ပြီးနှုး
အောင်ပြုတ်ပါ။
မုန့်ဟင်းခါးထဲကို ပဲကြော်၊ နံနံပင်၊ သံပုရာသီး၊ ငရုတ်သီးမှုန့်ထည့်ပြီး သုံးဆောင်နိုင်ပါပြီရှင် ....
အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် ...
No comments:
Post a Comment