Gtalk သုံးနည်း

 Gtalk ကနေ မြန်မာနိုင်ငံကို ဖုန်း Message ပို့ချင်တဲ့သူများအတွက်


1. Please add gtalk@etmsms.com.
After finish of your “Add” process, gtalk@etmsms.com is auto active
on your Gtalk friend’s list

2. If you see gtalk@etmsms.com is online, you can use our service.

Note. Sender or Receive must be eTm Member.




Gtalk သုံးပြီး တစ်ဖက်လူရဲ့ IP ကိုကြည့်ခြင်း


အကယ်၍ တစ်ဖက်ကသာ Gtalk ကို Proxy သို့ Tunneling လုပ်ပြီး မသုံးဘူးဆိုရင်တော့ နေရာ အတိအကျကို သိဖို့ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းအတွက် လိုအပ်ချက်တစ်ခုက တစ်ဖက်ကလူကို Call လက်ခံအောင် လုပ်ရပါမယ်။
ပထမဆုံး Settings > Connection အောက်မှာ

Monitor
ဒီ Windows ပေါ်လာပါမယ်။

Connection Monitor
ပြီးရင် ကိုယ်သိချင်တဲ့ Contacts ကို ခေါ်ပါ။

Call Contacts
Call လက်ခံပါက လိုအပ်တဲ့ Data တွေ တက်လာပါ့မယ်။

Connection Monitor
ထို့နောက် IP Address Locator Google မှာရှာပြီး ခုနက IP Address ကို ကူးပေးလိုက်ရင် Geographic Location ထွက်လာပါမယ်။ ဥပမာ Geobytes ကို ကျွှန်တော်သွားပြီး ကျွှန်တော့်သူငယ်ချင်းရဲ့ IP Add ကို သူတို့ပေးထားတဲ့ Web Services ကနေ စစ်လိုက်တာပါ။

hahaha Gtalk Virus !!!



hahaha Gtalk Virus !!!


Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်..


hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ...ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..


မူရင်းရေးထားတဲ့သူရဲ့ Malwarebytes softwareကလင့်ပျက်နေလို့ ကိုယ့်ကွန်ပြုတာထဲမှာ Portableအဖြစ်သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ DOWNLOAD လုပ်ပါ..)လင့်ကတော့ http://www.mediafire.com/?mkm2jmy2m4z (ဒေါင်းမာန်ဟုန်)


၁.. desktop မှာ ဆေ့ပါ။
၂..ပြီးလျှင် R- Click မှ အင်စတော လုပ်ပါ။
၃..ပြီးလျှင် ပါဝါကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။
၎..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။
၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် ကျနော်တို့ Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..ကွန်ပြူတာကို ရီစတတ်ချပါ။ ပြန်တက်လာလျှင်...အန်တီကို ပြန်ပြီး စကင်ဖတ်ပေးပါ။ နှစ်ကြိမ် စကင်ဖတ်လိုက်လျှင် အိုကေပါပြီဗျာ။ တွေ့သမျှကို
အကုန် သတ်လိုက်ပါ။

မြန်မာနိုင်ငံ Y Talk အသုံးပြုပုံ


How to Start ?
အဆင့်(၁) ။ ။ ပထမဆုံး အသုံးပြုမည့် user များသည် မိမိတို့ စတင် အသုံးပြုမည့် VoIP Account Card ကိုဝယ်ယူရပါမည်။
အဆင့်(၂) ။ ။ VoIP Account Card ၀ယ်ယူပြီးသည့် user များသည် အသုံးပြုရန် Pin Code ပါဝင်သော Recharge Card ကိုထပ်မံ ၀ယ်ယူရပါမည်။
User Guide
အဆင့် (၁) ။ ။ User များသည် မိမိတို့ ၏ Account No. နှင့် Password ကို Softphone ၏ Username နှင့် Password နေရာများတွင် ဖြည့်သွင်းပြီး Login ၀င်ရောက်ရမှာဖြစ်ပါသည်။
အဆင့် (၂) ။ ။ User များသည် မိမိတို့ ၀ယ်ယူထားသော Recharge Card မှ Pin Code No. ကို http://voip.yatanarpon.com.mm ၏ Recharge via Voucher Card သို့ သွားရောက်ပြီး ဖြည့်သွင်းမှသာ ဖုန်းစတင် ခေါ်ဆို နိုင်မည် ဖြစ်ပါသည်

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်


မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။


ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုDownloadရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)

download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်
Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်


ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။




ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။






အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။






Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။




“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။




အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။




ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။

No comments:

Post a Comment